ရနံ့မပြယ် ဆင်းမကွယ်ခင်
ကြည်လင်လှပ နုပျိုစမှာ
သာယာလေညှင်း
ခေါ်ဆောင်းသွင်းတော့
ချင်းနင်းရောက်လာ
မေ့ပန်းလွှာသို့။
စဆုံး နမ်းတာ ချစ်သူပါ။

ခင်းပြီးကာစ လမ်းလှလှလေး
ပြေးကာ လွှားသူ မရှိမူသေး
ဖြေးဖြေးညင်သာ ချစ်သူလာတော့
ကြင်နာခြေလှမ်း ဖွဖွလှမ်းပေါ့
စွန့်ဦး နင်းတာ ချစ်သူပါ။

အချစ်ဦးလေး ချစ်စစ်ပေးတော့
ညစ်ထေးကင်းကွာ မေ့သည်းညှာကို
ကြည်ဖြူသာယာ မေ ပေးပါမည်
တစ်သက်ထာဝရ လက်ဆောင်ပေါ့။

မြတ်မွန်စိတ်ထား နှလုံးသားဝယ်၊
သွယ်လျဖြူဖွေး လက်ခြေလေးတွေ၊
ငြင်းဆန်မပိုက် မေ့အကြိုက်သာ၊
သူ့အလိုမျိုသိပ် မေ့စိတ်ကြိုက်ရာ၊
မာယာဟန်ကင်း ရိုးသားခြင်းဖြာ၊
ယုတ်မာကောက်ကျစ် ဆိုးညစ်မပါ၊
ချစ်စစ်မေတ္တာ ပြည်လွန်းတာကြောင့်
ဘယ်သူဘယ်ဝါ ဖျက်ဆီးပါလည်း
မြဲစွာတွဲလက် ဆွဲကာယှက်မည်
ဒီဘ၀မှာ မခွဲပါ
လက်ထပ်ယူမှာ တူ မခွါ။
ယုံကြည်ပေးပါ ချစ်သူရာ။

မပျက်သစ္စာ မေ့ပေါ်ဖြာကွယ်
တွယ်တာယုယ ပြုသမျှဟာ
မေ့မှအပ မရှိရစေ
ဆိုလေတိုင်တည် စေတီဝယ်
မောင့်ရဲ့ မေတ္တာ မေ ယုံတယ်။
မောင့်ရဲ့ သစ္စာ တည်စေကွယ်။

အလွမ်းနှင်းဆီ
23.5.2014
9:40 PM