ငါက
ဟိုး.... မိုးကောင်းကင်ကို ကြည့်ပြီး
နင့်ကို ချစ်ခဲ့ရသူပါ...ကောင်မလေး။

ပင်လယ်ပြာကြီးလို
ငါ့စိတ်ကူးအိပ်မက်တွေလွင့်လို့
ကောင်မလေးရေ....
ယုံကြည်ရာလှမ်းခဲ့တော့ ရင်ဝေးကမ်းဆီ
ငါ နာနာကြည်းကြည်းကို လွမးတယ်။

နွေကလည်း ခမ်းပြီး
ဆောင်းကလည်း ရမ်းသည်
မိုးကလည်း စမ်းသည်
ရာသီတွေ မကြည်လင်တော့
ကောင်မလေးရယ်
ငါက အကာအကွယ်မဲ့ အထီးကျန်
အဝေးမြို့က ချစ်ခဲ့ရသူပါ။

နင့်အတွက်
ချစ်ခြင်းတရား အနီရင့်ရင့်တွေ
ငါ့ရင် ရာသီမှာ အမြဲတမ်းပွင့်လို့
အဝေးမြို့က
လွမ်းနေမှာလား မေးသူရယ်
ချစ်တယ်...တကယ်။    ။
ညိုသစ်ငယ်

0 မှတ်ချက်:

Post a Comment