" အဲဒီ့ မျက်ဝန်းတွေနဲ့
ငါ့ရင်ထဲကို ခဏ ခဏ
ထွင်းဖောက်ပြီး မကြည့်ပါနဲ့လား
“..... ရယ် ... "
အဲဒီ့ အပြုံးတွေနဲ့
ငါ့နှလုံးသားကို အထပ်ထပ်
ကျရှုံးအောင် မချည်နှောင်ပါနဲ့လား
" .... ရယ်...."
တစ်ကယ်တော့ ငါက
အတိုင်းမသိတဲ့ တမ်းတမှုတွေနဲ့
တိတ်တဆိတ် ကမ်းပြိုခဲ့သူပါ.....။
ဆန္ဒတွေ နင့်နင့်သည်းသည်း ပွင့်ဝေခဲ့သမျှ
ဒီဘ၀မှာတော့ ချစ်ခွင့်မရခဲ့ဘူး .... ။
ကြယ်တစ်စင်းလို
မင်းရင်ခွင်ထဲ ကြွေကျချင်တဲ့စိတ်နဲ့
မင်းမသိအောင်လေး
တိတ်တဆိတ် ခိုးကြည့်မိတော့
လ တစ်စင်းရဲ့ ရယ်သံလေးက
ခပ်လွင့်လွင့်ကျလာခဲ့တယ် .....။
တစ်ကယ်တော့ အချစ်ဆိုတာ
တောင့်တဖို့ လွယ်ကူသလောက်
ပိုင်ဆိုင်ဖို့ ခဲယဉ်းလွန်းလှပါတယ်
"....." ရယ်......။
ဒီကဗျာဟာ ... မင်းစိတ်နဲ့ ငါ့ကိုယ်
တိတ်ဆိတ်ကြေကွဲစွာ
ရေးဖွဲ့ဖြစ်တဲ့ ကဗျာလေးပါ .......။
( ရင်ထဲက တမ်းတခြင်းများစွာ.... အလွမ်းများစွာနဲ့ ဘယ်တော့မှ ဆုံဆည်းခွင့်မရနိုင်တော့တဲ့ သူ တစ်ယောက် အတွက် တိတ်ဆိတ်ကြေကွဲစွာ ရေးဖွဲ့ဖြစ်ခဲ့တဲ့ ကဗျာလေးပါ ...။ သေချာတာတစ်ခုကတော့ ဒီကဗျာလေးကို ... သူ ဘယ်တော့မှ လာပြီးဖတ်မှာမဟုတ်ပါဘူး ....။ ကျမနဲ့အတူအားလုံးပဲ မျှဝေခံစားနိုင်ကြပါစေ ... )
ခင်မင်စွာဖြင့် ..............
နှင်းဟေမာ
23 Aug 2009
11: 55 PM

0 မှတ်ချက်:

Post a Comment