အ ဆောင်ယောင်တွေကြား
ဟန်ဆောင်ခြင်း ကင်းခဲ့တာ
မာယာတွေကလည်း ထားရစ်ခဲ့
အပြစ်မဲ့သူကို အချစ်စစ်နဲ့ပဲ ချစ်ချင်တယ်
ဖြောင့်စင်းတဲ့ နွယ်တစ်ပင်ကို မကွေးညွတ်ပါရစေနဲ့
င့ါ ပယောဂတွေ သမိုင်း မရိုင်းချင်လို့ပါ။
လွမ်း တသသနဲ့
အလွမ်းသီချင်းတွေ ဆို
အလွမ်းကဗျာတွေ ရေး
အလွမ်းသမားတွေကို
အလွမ်းနှလုံးသားနဲ့ စာနာ
အလွမ်းငှက်ငယ် နွေဥသြသခင်
အလွမ်းဘုရင်မလေးပေါ့ကွယ်။
နှင်း မိုးတွေကြားက နှင်းပန်းလေးပမာ
ကမ္ဘာလူသား အေးမြကြစေ
ကမ္ဘာမြေပြင် ကြည်လင်ပါစေ
အမုန်းကင်းဝေး မေတ္တာမွှေးစေ
ကမ္ဘာ့ဒေါသသံတွေ ကြားတိုင်း
တောင်းဆုတွေ အခါခါပေါ့။
ဆီ သပြေပင်ကြားက ငှက်ငယ်ငိုသံကြားလေတော့
မြန်မာတစ်ခွင် ငိုသံဆင်မှာ
စိုးထိတ်ရတာ အနန္တ
အရေးပေါင်းစုံ အထိုင်မကျသေးတော့
အော်သံတွေက ဆူညံကျဲ
ဒို့အမိမြေ သံစဉ်အေးတွေ
ဘယ်အချိန် တီးခတ်နိုင်မလဲ
တစ်ဖက်စောင်းနင်း ကိုယ်စီ စိတ်တွေ
အလယ်ဗဟိုရပ်လို့ မျှတစွာ ခရီးဆက်ရအောင်လေ
ငါတို့ရဲ့ ရှင်သန်ခြင်းဟာ တစ်ဘ၀မျှ
မြန်မာ့မြေကတော့ ကမ္ဘာတည်သရွေ့
ထာဝရအရာကို ခဏတာနဲ့ မလှဲမိအောင်
ဒို့တစ်တွေ သတိဆောင်ကြပါစို့လား။
အလွမ်းနှင်းဆီ
12.3.2014
9း41 PM
flsh song ပုံစံမျိုးဖြင့် ဖတ်လိုသော လင့်က ဒီမှာ
0 မှတ်ချက်:
Post a Comment