ပြန် လာခဲ့ပါ မင်းမှာစကား
ငါရဲ့ နားမှာ ထပ်ခါကြားလည်း
ဘ၀ရှေ့ရေး ဖြောင့်ဖြောင့်ပြေးအောင်
အားမာန်ကိုခဲ ကြိုးစားဆဲမို့
နှစ်ရှည် လကြာ ဖြစ်ရပါသည်
အိမ်ပြန်နှောင်းတာ ခွင့်လွှတ်ပါကွယ်
မေ့သည်းပိုင်ရှင် ချစ်သခင်။
လာ ချစ်စိတ်တွေ ပန်းလို ဝေသည်
ထွက်ခဲ့တုန်းက ဆောင်းကာလပေါ့
နှင်းတွေ အုံ့စိုင်း မျက်ရည်ဝိုင်း၏
ပြန်လာမှာက နွေကာလပေါ့
ဥသြငှက်လေး လွမ်းသံပေး၏
ချစ်ပြုံးမူပို မေ့ကို ကြိုပါ
မေ့သည်းအပ်မည့် ချစ်သူရာ။
ပါ ရမီဖက် တွဲလက်ရှက်မည်
အမုန်းတွေ ခွါ အချစ်ဖြာလေ
ဒုက္ခတောင်ပေါ် နှစ်ယောက် ကျော်မယ်
အားပေးစကား ကိုယ်စီ ကြားပေါ့
သူ့လက် ကိုယ် တွဲ ကိုယ့်လက် တွဲစေ
ညီညာလှမ်းစို့ ချစ်သူရေ။
မယ် ယသော်လို အချစ်တွေ ပိုသည်
သူ၏ ချစ်သူ နှလုံးမူ၏
ချစ်သူ ကျင့်တာ လိုက်ကျင့်ပါသည်
နှလုံးသားချင်း ထပ်တူနှင်းပေါ့
ဘယ်လောက် ဝေးဝေး စိတ်တွင် နွေးရ
တစ်ဦးမေတ္တာ ကိုယ်စီဖြာ
ပြန်လာတော့မယ် ချစ်သူရာ။
အလွမ်းနှင်းဆီ
14.3.2014
33း0 PM
0 မှတ်ချက်:
Post a Comment