အမြင်မှာ နုပေမယ့်
ရွှေရင်မှာတော့
မာန်ပြည့်တဲ့ နှင်းဆီပါ။

လေ နေ တို့ ခက်ထန်လည်း
တင့်တယ်ဝင့်ကြွားဖို့
မြင့်မားတဲ့ စိတ်ဓာတ်က
အရောင်တလပ်လပ်နဲ့ပါ။

စေတနာနဲ့ ရနံ့ဖြာတာကို
ရင်နာအောင် အကဲမစမ်းမိစေနဲ့၊
သေမင်းတမန်ဆူးတွေ
သင့် လက်ဆောင်ဖြစ်မှာ စိုးလို့။

ရန်လိုခြင်း ကင်းသော်လည်း
ရန်မူလာရင်တော့
ခံစစ်ကောင်းတဲ့ စစ်သည်တွေပါ။

အခက်အခဲတွေကို
ဒုက္ခထင်သလို
အနာဂတ်ခြေလှမ်းအတွက်လည်း
သင်္ခန်းစာလို့ ငါမြင်တယ်။

တခါတရံ အားငယ်ပါလည်း
ရည်မှန်းချက်သံစဉ်တွေကြောင့်
အားပြည့်ခဲ့ရတယ်။

မုန်တိုင်း ဘယ်လောက်ကြမ်းကြမ်း
ထာဝစဉ် မတိုက်နိုင်ဘူး၊
မုန်ယိုနေချိန်မှာတော့
ခပ်ဝေးဝေးမှာ ငါနေမယ်။

သောကတွေ အလှည့်က ၀င်သော်လည်း
ပျော်စရာတွေ ငါ ရွေးရှာမယ်။
သာသာယာယာတွေ ရှိသလို
ဒဏ်ရာ နာနာတွေလည်း ရှိတာပေါ့။
ဒါပေမယ့်
နှင်းဆီအားမာန်ကတော့
ဘယ်တော့မှ မကြွေဘူး။

အလွမ်းနှင်းဆီ
13.12.2013
12:25 PM

0 မှတ်ချက်:

Post a Comment