လပြည့်ညဟာ စစ်မှန်ပါလည်း
ရွှေလလေးက တက်သစ်စမို့
အနီရောင်သန်းတာ ခွင့်လွှတ်ပါဦး
မကြာခင်မှာ ဖြူရောင်လာမယ်
ပူပန်စိတ်လော ပြစ်တင်မစောနဲ့။

သိပ်ချစ်ပါတယ် ချစ်ခွန်းကြွယ်လည်း
အချစ်နုလေး ဖြစ်နေသေးလို့
သံသယ၀င်တာ ခွင့်လွှတ်ပါဦး
မကြာခင်မှာ ယုံကြည်ပါမယ်
ပူပန်စိတ်လော ပြစ်တင်မစောနဲ့။

ရေတက်ရက်မှန် ဖြစ်နေပြန်လည်း
အရှိန်ယူရ      ဒီ တက်စမို့
ကမ်းမပြည့်တာ ခွင့်လွှတ်ပါဦင်္း
မကြာခင်မှာ ရေပြည့်မယ်
ပူပန်စိတ်လော ပြစ်တင်မစောနဲ့။

အောင်မြင်ချင်လို စိတ်ဓာတ်ပိုလည်း
လုံ့လကူရ ကြိုးစားစမို့
သရဖူဝေးတာ ခွင့်လွှတ်ပါဦး
မကြာခင်မှာ အောင်စည်လာမယ်
ပူပန်စိတ်လော ပြစ်တင်မစောနဲ့။

ရနံ့ကြိုင်လှိုင် ပန်းခိုင်ဖြစ်လည်း
နုနုရွရွ ဖူးကာစမို့
မသင်းပျံ့တာ ခွင့်လွှတ်ပါဦး
မကြာခင်မှာ ရနံ့ဖြာမယ်
ပူပန်စိတ်လော ပြစ်တင်မစောနဲ့။

အရောက်လာစိတ် လွန်ယိုဖိတ်လည်း
အရှိန်မရ      တာ ထွက်စမို့
မရောက်သေးတာ ခွင့်လွှတ်ပါဦး
မကြာခင်မှာ ဆိုက်ရောက်လာမယ်
ပူပန်စိတ်လော ပြစ်တင်မစောနဲ့။

အလွမ်းနှင်းဆီ
18.12.2013
10:15 PM

0 မှတ်ချက်:

Post a Comment