အ အတွေ့ကြုံနု နှလုံးသားကို
ကဗျာတွေနဲ့ နှောင်ဖွဲ့လို့
ရင်ခွင်ကျဉ်းထဲကို ခေါ်ဆောင်သွားတယ်
ကဗျာဆို အရူးထသူ ငါ့အဖို့တော့
မင်းကဗျာတွေ အစွမ်းထက်တာပေါ့။
ထီး တစ်လက်နဲ့ ဂစ်တာလွယ်
သံစဉ်တွေကို တီးခတ်
လျှပ်တစ်ပြတ် ပုံရိပ်တွေ
စာသားအဖြစ် ခံစားလေတော့
သီချင်းကောင်းတစ်ပုဒ် ဆိုဖြစ်ခဲ့ပေါ့။
ကျန် ရစ်သူ နှလုံးသားလေးဟာ
ဟိုတစ်ချိန်က
စာသားတွေကို ညည်း
ဂစ်တာလေး တီခတ်ခဲ့လို့
လရောင်လေးအောက် တောက်ပခဲ့တာပေါ့
ကဗျာတွေ အပြစ်မဲ့ပေမယ့်
ကဗျာရှင် မင်းမာယာကြောင့်
ဂစ်တာကို စွန့်ပယ်
ကဗျာတွေ ဖက်တွယ်ခဲ့တယ်။
ဂစ် တာလေးက အဖော်မဲ့
ဖုန်တွေ အလိမ်းလိမ်းတက်
ရက်စက်ခံ င့ါနှလုံးသား
ဂစ်တာလေးနဲ့ ပြန်ကုရမယ်
မင်းပေး ဒဏ်ရာ ခွဲခွါထိပေါ့။
တာ ရှည် မခံ အလေပန်မို့
င့ါကေသာမှာ မစံပါနဲ့
ကြွေလိုရာ ကြွေ
လွင့်လိုရာ လွင့်
သင့်တန်ရာသာ ကျေနပ်ပျော်ပေါ့
အသည်းကွဲလို့ ငါက ငို
ဂစ်တာအိုက သံစဉ်မဲ့ပေါ့
လုပ်ရက်သူတွေ ပျော်ပွဲတက်
အားမာန် မပျက် ငါ ရှေ့ဆက်။
အလွမ်းနှင်းဆီ
103း5 PM
15.3.2014
0 မှတ်ချက်:
Post a Comment