မကြုံရင် မယုံတတ်တဲ့ ငါ့စိတ်တွေ
တိုက်ဆိုင်မှုတွေအောက် ဦးကျိုးခဲ့ရပြီ

ပြောတိုင်း မယုံ ကြုံတိုင်း မလိုက်တတ်တဲ့ င့ါမာန
အရင်က မာ ခဲ့ပေမယ့် ခုတော့ န သွားခဲ့ရပြီ

င့ါရဲ့ ပြတ်သားဆုံးဖြတ်ချက်တို့
ဟိုအရင် နယ်ကျယ်ပေလည်း
သံသယ နယ်ချဲ့အောက်
ခုတော့ အခန်းကျဉ်းထဲ ရောက်ခဲ့ရပြီ

ကျော်ချင်လို့ တက်ကာမှ
နောက်ဆုံးထိ ပြန်ကျတဲ့ငါ
လျော့ရဲတဲ့ လုပ်ရပ်
ယုတ်မာသူတွေပါ ၀ိုင်းရံလို့ပေါ့

ခွင့်မပန်ဘဲ ၀င်ရအောင်
ရွာဦးက ဇရပ်ထင်လို့လား
လူယဉ်ကျေးတွေမှာ
သိမ့်မွေ့ခြင်းက ကာရံထားတယ်
ဒီတစ်ခါ မင်း သတိရှိပေါ့။

မင်းအလှည့် င့ါအလှည့်
အသွား အပြန်တွေနဲ့ ဒီလောကထဲ
တစ်ယောက်လက် တစ်ယောက်တွဲ
ရဲရဲကြီး လျှောက်ကြစို့ သူငယ်ချင်း။

အလွမ်းနှင်းဆီ
15.5.2014
11:04 PM

0 မှတ်ချက်:

Post a Comment