ဟိုးရှေးတုန်းကတော့
တိကျတဲ့မြေ တိကျတဲ့ရာသီမှာ
ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့
ပန်းတို့အလယ် တင့်တယ်ခဲ့ပေါ့။

အ၀ါရောင်ဆိုတာနဲ့
သစ္စာသမားတို့ သင်္ကေတ
စံပြုလောက်ရအောင်
မင်း သစ္စာတွေ တန်ခိုးထက်ခဲ့တယ်လေ။

သင်္ကြန်းမိုးငွေ့နဲ့အတူ
တလူလူ တလွင့်လွင့်
သစ္စာပွင့် ပိတောက်ရွှေဝါတွေ
ခုတော့ ပေါက်လွှတ်ပဲစား ဖြစ်နေရော့လား။

ရာသီ မမှန် နေရာ မမှန်နဲ့
မြေပြန်ရော တောင်ပေါ်ပါ
မိမဆုံးမ သားတွေလို
ဘ၀ကို ရေဆုန်မျှော
ကြုံရာမှာ ပွင့် ကြိုက်သူတွေ ပန်စေ
အိုး ဣနြေ္ဒမရပုံကတော့
မျောက်လွှဲကျော် ရှုံးမတတ်။

ပန်းပိတောက်ရေ
မြေပြန့်သူတွေ အမုန်းပေးလို့
တောင်ပေါ်မြေမှာ ပွင့်လေရော့လား။
တောင်ပေါ်မြေမှာ ချယ်ရီရှိတော့
မင်း ပြန်ရမှာ မြေပြန့်ပါ
စောင့်မျှော်သူတွေ ဝေေ၀ဖြာ။

အလွမ်းနှင်းဆီ
16.5.2014
93း0 PM

0 မှတ်ချက်:

Post a Comment