ချစ်သူရေ
ကောင်းကင်ကြီးက မည်းနက်
မိုးချုန်းသံတွေက ဆူညံကျဲ
လျှပ်စီးတွေက ဒလစပ်
မဟူရာ မိုးဦးညမှာ
ချစ်သူအိမ်ကို မေ ပြန်ခဲ့တယ်။

ကြောက်မက်ဖွယ် ဒီမိုးည
ကြောက်စိတ်တွေက တန်းစီပြေး
ဘာကို ကြောက်ရမှန်းတောင် မသိပါဘူးကွယ်
ချစ်လွမ်းစိတ် ကိုယ်ရံတော် အဖော်ပြုလေတော့
ချစ်သူရေ မေ့ရင်မှာ ရဲသွေးရဲမာန်အပြည့်နဲ့ပါ။

ချစ်သူက အိမ်မှ ကြို
ချစ်သူမေက အပြေးလာ
ဟန်ချက်ညီ ကကွက်တစ်ခုလေးပေါ့ကွယ်
တကယ်ချစ် တကယ်မြတ်နိုးတော့
မပြယ်တဲ့ အနမ်းတွေက တလှိုင်လှိုင်
ကြိုင်ကြိုင်သင်းပန်းတွေက မော်ဖူးမတဲ့ ချစ်သူရေ။

အဖော်မပါ တစ်ကိုယ်တည်းပေမယ့်
အပျော်တွေဖြာ အပြန်လမ်းပေမို့
ချစ်သူရေ အားမငယ်ဘဲ အားခဲလို့ သာ၊
ကျားရဲတွေ နေရာဖြစ်ပေမယ့်
ထားခဲ့တဲ့ ချစ်သူစွဲအားကြောင့်
အရာအရာ ရင်ဆိုင်ဖြစ်ခဲ့ပါတယ် ချစ်သူရယ်။

အိမ်အပြန် မေ နောက်ကျမှာမို့
အိပ်ယာထက်မှ နားစွင့်ပါကွယ်
ချိုမြိန်သာယာ မေ့ ခေါ်သံကို၊
တွယ်တာလှ သံယောဇဉ်တွေ
အိမ်ပြန်ညနဲ့ ဖြေလျှော့မယ်ကွယ်
စောင့်မျှော်နေပေါ့ ချစ်သူရယ်။

အလွမ်းနှင်းဆီ
17.5.2014
11:09 MP

0 မှတ်ချက်:

Post a Comment