အေးဆေးသာယာ နေပါသော်လည်း
ရှိန်ဟုန်ပြင်းစွာ ပုတ်ပါတော့
လှိုင်းပေါ်ကိုသာ ကမ်းပြိုပါ၏။

တည်ငြိမ်ခန့်ညား နေပါငြားလည်း
ငြှိုးကြီးအလား ၀င်ဆောင့်သွားတော့
ကားပေါ်ကိုသာ လဲပြိုပါ၏။

အစာဝ ကျား ငြိမ်နေငြားလည်း
ကိုယ့်ကိုမာန်ထ ရန်လာစတော့
ရန်မူသူအား ပြန်ကိုက်သွား၏။

ခန္တီနှလုံးနဲ့ ပြုံးပြုံးလေး နေသူပါ
ရန်လိုစိတ်လည်း တိုးတိတ်ထွက်ခွါ
အကူညီလက်များနဲ့ တွဲခေါ်စေတာ
နှလုံးကြမ်းနဲ့ အမုန်းပန်း မပန်လို့
အပြုံးတန်း လမ်းလျှောက်သူတဲ့။

သည်းခံအား နဲတာ မဟုတ်
ယုတ်မာချက်က နိုင်း(9) လောက် ရှိလေတော့
ဝမ်း(1) လောက် ပြန်မုန်းမိတာပါ။

တိုက်ခိုက်တဲ့ ထိုးချက် မဟုတ်။
ခုခံချက်ဆိုတာ မင်းသိမှာပါ။
မင်းကြောင့် အဆင့်တစ်ဆယ်ကျခဲ့ပေမယ့်
င့ါကြောင့် အဆင့်ကိုးမှာ ရှိပါသေးတယ်။

မင်းကို ပြန်ထိုးချက်ပေးသော်လည်း
အားမထွက်တဲ့ လက်သီးချက်ပါကွာ။
ငြှိုးချက်တွေ မပါ
ကျိုးပျက်မတတ် ငါ့ဘ၀ကိုလည်း
မင်း စာနာကြည့်ဦးလေ။

အလွမ်းနှင်းဆီ
19.5.2014
10:28 MP

0 မှတ်ချက်:

Post a Comment