ပင်အိုရွက်ခြောက်တို့က နှုတ်ဆက်
ရွက်နုငယ်တွေက နေရာယူ
ပူပြင်းတဲ့ နေမင်းကလည်း ခေတ္တထွက်ခွါလို့ပေါ့
သာယာလှ ကောင်းကင်လေးလည်း
ညို့မှောင်လို့ လာလေပြီ။

မိုးရာသီရဲ့ သားဦးမိုးလေး
မုတ်သုန်လေနဲ့ အတူကဲလို့
ထစ်ချုန်းသံတွေကြား သဲသဲမဲမဲရွာ
တဲအို တိုက်တွေ မကျန် လွှမ်းမိုးလို့ပေါ့။

ကျောကွဲမတတ် မိုးပေါက်တွေကြား
အရိုးကွဲမတတ် လေအေးတွေက ၀ိုင်းကာတိုက်
ထီးလေးအောက်မှာ ခေါင်းလေး ငိုက်စိုက်နဲ့
လမ်းလျှောက်နေတဲ့ ကောင်းလေးတစ်ယောက်
အဖော်မဲ့ တုန်ခိုက်နေရှာတယ်။

အနေသာပေမယ့်
အသာမနေတဲ့ စိတ်ဓာတ်ကြောင့်
အပိုပါ မိုးကာလေး
နွေးထွေးစွာ ၀တ်ပေးမိတယ်။
ပါးလွှာပေမယ့်
အကြင်နာသိုးမွှေးလေး
မင်း တွေ့မှာပါ။

အေးလို့ပြာ နှုတ်ခမ်းလေးနဲ့
ကျေးဇူးပါ စကားသံလေးက
နားဝင်ထဲ ပြေးခဲလို့လာ။
အေးလွန်းလို့ ဟန်ပျက်နေပေမယ့်
မာန်မဖက် ပြုံးမူရာတွေက
နှလုံးသားမှာ စွဲငြိပေါ့ကွယ်။

ခဏတွေ့ကာ ခွဲခွါကြပေမယ့်
နေ့စဉ်သတိရမှုတွေနဲ့
မင်းရှိရာကို လှမ်းကာလာမယ်
ဒို့လာရက်ကို မင်းကြိုနေပေါ့။

အလွမ်းနှင်းဆီ
18.5.204
10:30 MP

0 မှတ်ချက်:

Post a Comment